အာကာပျံဝဲ မြို့သံတွဲ (ဒွါရာဝတီ) သမိုင်းအကြောင်း


ရက္ခိုင်တို့ရဲ့​ဒဏ္ဍာရီဆန်သော

အာကာပျံဝဲ မြို့သံတွဲ (ဒွါရာဝတီ) သမိုင်းအကြောင်

🙏🙏================================🙏🙏


ကမ္ဘာပေါ်တွင် မသေသောမြို့ (အမည်နာမမပျောက်သောမြို့) သက်တန်းအရှည်ကြာဆုံးမြို့သုံးမြို့သာ ရှိသည်။


ထိုမြို့တို့သည်ကား   ဆီးရီးယားနိုင်ငံတွင် 

 " ဒမတ်စကတ်မြို့

အိန္ဒိယ နိုင်ငံတွင်  " ဗာရာဏသီမြို့ " နှင့်   

ရက္ခပူရ-မဟိံသက -ရခိုင်ပြည်နယ် ရှိ

 " ဒွါရာဝတီမြို့(ခ) သံတွဲမြို့"တို့ ဖြစ်ကြသည်။


ရခိုင်တို့၏ ဒွါရာဝတီ

*****************

အာရက္ခဒေသ(သို့) ရက္ခပူရ-မဟိံသက-တိုင်းဓည

မည်သော ရခိုင်တို့၏ ဒွါရာဝတီသည်  ကုသမင်း သက္ကရာဇ် -၄၀၀၀ မတိုင်မီ ဘီစီ - ၆၀၀၀ ခန့်ကာလကပဲ   ဒွါရာဝတီဟူသော အမည်နာမဖြင့် ယင်းနေရာ၌ ယနေ့ထက်တိုင်တည်ရှိနေဆဲ ဖြစ်ပါတယ်။


ရခိုင်ပြည်၌  ဒွါရာဝတီ ဟူသော  အမည်နာမသည်  မည်သည်အခါမှ  တိမ်ကောသွာခြင်း မရှိသလို  မြို့ကိုလဲ  ဖျက်ဆီးခံရခြင်းမရှိခဲ့ပါ။ ခေတ်အဆက်ဆက် ဒွါရာဝတီ အမည်နာမဖြင့် တည်တံ့လျှက်ပင် ရှိပါသည်။ ရခိုင်လူမျိုးတို့ ဖြတ်သန်းလာခဲ့ကြသော ခေတ်ကာလ သမိုင်ကြောင်းသည်  အလွန်ရှည်လျှား ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

အလွန်ရှေး​ကျသောမြို့ဖြစ်သည့် ရခိုင်တို့၏

ဒွါရာဝတီမြို့ ( သံတွဲမြို့)နှင့် ရခိုင်လူမျိုးတို့၏ ဖြတ်သန်းလာခဲ့သော ခေတ်ကာလကို စစ်တမ်းထုပ်ပြမှသာလျှင် 

 ပိုပြီး ပြည်စုံလိမ့်မည် ဖြစ်သည်။


၁။ ဒွါရာဝတီခေတ် = ဘီစီ - ၆၀၀၀

၂။ ရှေ့ဦးဝေသာလီခေတ် = ဘီစီ၅၃၁၅ မှ ၃၃၂၅ အထိ

ဓညဝတီခေတ်

 ၃။ ပထမဓညဝတီ = ဘီစီ ၃၃၂၅ မှ ၁၅၀၇အထိ

  ဒုတိယဓညဝတီ =   ဘီစီ ၁၅၀၇ မှ ၅၈၀ အထိ။

  တတိယဓညဝတီ =  ဘီစီ  ၅၈၀  မှ  ၃၂၇ အထိ။

၄။ ဝေသာလီ ကျောက်လှေကားခေတ် = အေဒီ ၃၂၇ မှ ၈၁၈ အထိ။

၅။လေးမြို့ခေတ် = အေဒီ ၈၁၈ မှ ၁၄၃၀ အထိ။

မြောက်ဦးခေတ်

၆။ ပထမမြောက်ဦး = အေဒီ ၁၄၃၀ မှ ၁၅၂၁  အထိ

ဒုတိယမြောက်ဦး =  အေဒီ   ၁၅၂၁ မှ ၁၆၃၈ အထိ။ တတိယမြောက်ဦး  = အေဒီ ၁၆၃၈  မှ ၁၇၈၄ အထိ။

၇။ ဗမာ မြို့ဝန်များခေတ် = အေဒီ ၁၇၈၄ မှ  ၁၈၂၄ အထိ

၈။ ဗြိတိသျှခေတ် ပထမအကြိမ် = အေဒီ ၁၈၂၄ မှ ၁၉၄၁ အထိ။

၉။  ဂျပန်ခေတ် =  အေဒီ ၁၉၄၁ မှ ၁၉၄၅ အထိ

၁၀။ ဗြိတိသျှခေတ် ဒုတိယအကြိမ် =  အေဒီ  ၁၉၄၅ မှ ၁၉၄၈ အထိ

၁၁ ။ ဖ ဆ ပ လ  ခေတ် ပါလီမန် ဒီမိုကရေစီခေတ် အေဒီ = ၁၉၄၈ မှ  ၁၉၆၂ အထိ 

၁၂။  တော်လှန်ရေးကောင်စီခေတ်   အေဒီ = ၁၉၆၂ မှ ၁၉၇၄ အထိ

၁၃ ။ မ ဆ လ ခေတ် အေဒီ ၁၉၇၄ မှ ၁၉၈၈ အထိ ။

၁၄ ။  နဝတခေတ်  အေဒီ =၁၉၈၈ မှ ၁၉၉၇ အထိ ။

၁၅ ။ န အ ဖ ခေတ်  အေဒီ = ၁၉၉၇ မှ ၂၀၁၀အထိ။

၁၆ ။ ပါတီစုံ ဒီမိုကရေစီခေတ် အေဒီ ၂၀၁၀ မှ စ၍ 

ယနေ့ထက်တိုင်ဖြစ်သည်။


ဒီလောက်အထိ  ရှည်လျှားလှသည့်ကာလမှာ  

ဒွါရာဝတီသံတွဲမြို့သည်ဖြတ်သန်းလာခဲ့ပြီးဖြစ်ပါသည်။

       

ဒွါရာဝတီကို စတင် တည်ထောင်သောမင်းကို   ဝါသုဒေဝ  ဗလဒေဝ ဒသဘာသိတ ညီနောင် တစ်ကျိပ်ဟု   စာစောင် တချို့တွင် တွေ့နေရပါသည်။  ဒါက မှားပါသည် ။အမှန်က  ဒွါရာဝတီမြို့နှင့် ထီနန်းကို ဘီစီ =၆၀၀၀  ခန့်ကစတင်တည်ထောင်ခဲ့သောမင်းမှာ   သီရိကုမ္မာမင်း ( ခေါ်) ဥလာကမင်း သာ ဖြစ်ပါသည်။  ဒသဘာတိတညီနောင်တစ်ကျိပ်တို့မှာသိရိကုမ္မာမင်းကို  အောင်နိုင်ခဲ့သော မင်းများသာဖြစ်ပါသည် ။


ဘီစီ ၆၀၀၀ ခန့်နှင့်  ကုသမင်း လက်ထက်ကနေ   ယခုအချိန် အထိ ဒွါရာဝတီ အမည်နာမနှင့်  ဒွါရာဝတီ သံတွဲမြို့ဟာ  တည်ရှိနေဆဲပါ ။  ထိုအချိန်ကာလသည်  ဗုဒ္ဓမြတ်စွာဘုရားလဲ ပွင်တော်မမူသေးပါ ။


ဒီထက် အမည်နာမမပျောက်ကွယ်ဘဲ သက်တမ်းရှည်သောမြို့ အဘယ်မှာ ရှိအံ့နည်း ။


ကမ္ဘာမှာ  "မသေတဲ့မြို့ဟေ့" လို့  ရခိုင်တွေ ဂုဏ်ယူဝင့်ကြွားနိုင်ရန်  ဒွါရာဝတီ သံတွဲမြို့ရဲ့သမိုင်းကို ဖေါ်ပြပေးလိုက်ပါသည်။

 

ရခိုင်တို့၏ ဒွါရာဝတီကျမ်း

*********************

 

   ဒွါရာ၀တီသံတွဲမြို့သည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင်တည်ရှိပါသည်။ သံတွဲမြို့ကို ဒွါရာ၀တီမြို့ ဟုလည်းခေါ်ဆိုကြပါသည်။ ဒွါရာ၀တီမြို့မှာသံတွဲမြို့၏မူလအစအမည်ဖြစ်ပြီးယနေ့တိုင် ခေါ်တွင်ဆဲပင်ဖြစ်ပါသည်။ တောင်တံခါးမြို့ဟုလည်း ခေါ်ဆိုကြသေးသည်။

မသောသောမြို့လည်းဖြစ်သည်။ မသေသောမြို့ဟုဆိုခြင်းမှာ ကဿမဘုရားရှင်လက်ထက်မှစတင်၍ ယခုထိတိုင်အောင်ပင် 

(က)ဒွါရာ၀တီသံတွဲမြို့ဟုတ်ခေါ်တွင်လျက် နာမည်

မသေခြင်း။

(ခ)တစ်ဖက်မှပင်လယ်၊တစ်ဖက်မှတောင်တန်းများတည်ရှိလျက်ပထဝီအနေအထားမပြောင်းလဲဘဲယခုတိုင်တည်ရှိနေခြင်း။  

ယင်းကဲ့သို့  မြို့တော်အမည်နှင့်  ပထဝီအနေအထားတို့  မပြောင်းလဲဘဲတည်တံ့နေမှုတို့ကြောင့် မသေသောမြို့ဟုမှတ်တမ်းပြုကြသည့်အပြင်  သမိုင်းရာဇ၀င်တွင်

‘မြို့ရှင်ပျံ’ဖြစ်ကြောင်းပြဆိုထားကြလေသည်။ 


သံတွဲဘုရင်မစောယာဉ်မိ (ကောဇာ  ၇၉၅-၈၂၀၊ မြောက်ဦးခေတ်) မှ 

** မင်းစောဒေသ၊ ဘာတိကတို့ ဒိပဇမ္ဗူ၊ လုံးလုံးချူ၍

 ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာမယ်တို့ရွာလည်း၊ ဒွါရာ၀တီ သိင်္ဂီရောင်လျှံ၊ မြို့ရှင်ပျံ၀ယ် ။ ***

ဟုတ်ဖွဲ့ဆိုထားခဲ့လေသည်။

အင်းစောက်ရာဇ၀င်တွင် (၁၀)မြောက်အန္တရကပ်ဖြင့်သောကဿပသာသနာတော်အတွင်းကောရပ္ပတိုင်းတွင်  ကောရပ္ပမင်း(၁၂)ဆက်စိုးစံခဲ့ကြသည်။  ယင်းကောရပ္ပမင်း(၁၂)ဆက်မြောက်မင်းစောလက်ထက်တွင်  နဂါးညီနောင်ဖျက်ဆီးသဖြင့်  ကောရပ္ပတိုင်းပျက်ရလေသည်။  ထိုင်(၁၂) ဆက်မြောက်မင်း  ‘မင်းစော’ သည်အခြံအရံများနှင့်  တိမ်းရှောင်လာခဲ့ရာ

ယခင်ဒွါရာ၀တီအမည်ရှိသော  မြို့တော်ဟောင်းကိုပင်  မြို့တည်လျက်  ဒွါရာ၀တီမြို့ အမည်ဖြင့်ပင်လျင်  စိုးစံအုပ်ချူပ်ခဲ့လေသည်။  ဘုရင်မင်းစော၏ သား၊မြေး၊မြစ်၊ တိုင်အောင်  ဒွါရာ၀တီထီးနန်းကို မင်းဆက် (၉)ဆက်တိုင် အုပ်စိုးခဲ့လေ၏။  


ယင်းမင်းစောမှ  (၈)ဆက်မြောက်မင်းစောသည်  ပန်းစားနတ်ဘီလူးမအားမိဖုရားမြှောက်မိသဖြင့်    သားတော်သုံးပါးနှင့် သမီးတော် တစ်ပါးဖွားမြင်ခဲ့လေသည်။  သားတော်ကြီးတစ်ပါးသာလူစစ်ဖြစ်ပြီးကျန်သားတော်နှစ်ပါးနှင့်သမီးတော်မှာဘီလူးများဖြစ်ကြကုန်

သည်။  ထို့နောက် ပန်းစားနတ်ဘီလူးမဟုသိရှိ၍  သားတော်ကြီးမှတစ်ပါး၊ မိဖုရားကြီးနှင့် သားတော်နှစ်ပါးနှင့် သမီးတော်(၁)ပါးတို့ပိုနန်းတော်မှ ရှောင်ခွာစေလျက်  ဒွါရာ၀တီမြို့တော်၏ အရှေ့ဘက်ကမ်းတွင် တောင်ခြေကိုအမှီပြူလျက်  နေထိုင်ရန်တစ်ဘက်ကမ်းတောင်ခြေတစ်ခုလုံး

အားအပိုင်းစားပေးလေသည်။ 


၄င်းတောင်မှာ ဝါသုရတောင်ကြော(အံတော်တောင်ကြောအားလုံး)ကိုအပိုင်စားရလေသည်။သားတော်ကြီးမှာအစွယ်သာပါ၍ လူဖြစ်ကာအစွယ်ခေါခေါမင်းစော ဟုတွင်ကာ

ဘခမည်းတော်မင်းစောနတ်ရွာစံသော်  အစွယ်ခေါခေါမင်းစောနန်းတက်လေသည်။  

အစွယ်ခေါခေါမင်းစောသည်  မင်းစော (၉)ဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်လေသည်။  အစွယ်ခေါခေါမင်းစောလက်တက်တွင်  ပန်းစားဘီလူးဖြစ်သူမယ်တော်နှင့်  ညီတော်နှစ်ပါး၊ နှစ်မတော်တို့မှဒွါရာ၀တီမြို့တော်အားစောင့်

ရှောက်ပေးကြလေသည်။

 ပန်းစားနတ်ဘီလူးတို့၏ တန်ခိုးအာနုဘော်ကြောင့်  ဒွါရာ၀တီမြို့တော်သည်ရန်သူများတိုက်ခိုက်ရန်လာ

 သော်ကောင်းကင်သို့ပျံတက်၍သမုဒ္ဒရာကျွန်းငယ်တွင်  တည်ကြောင်းအဆိုရှိလေသည်။  

သို့ဖြစ်၍  ဘီလူးစောင့်ပြည်ဟူ၍ တင်စားရေဖွဲ့ကြလေသည်။ ထိုအချိန်တွင်မဇ္ဇျိမတိုင်းမှဥပကံသအမျိုးအနွယ်ဖြစ်သောဝါသုဒေ၀၊ဗလဒေ၀မင်းညီနောင်တစ်ကျိပ်တို့

သည် ဒွါရာ၀တီမြို့တော်ကိုတိုက်ခိုက် သိမ်းပိုက်ရန်ရောက်ရှိလာကြ၏။ထိုအခါမြို့တော်အားရှာဖွေ၍ မတွေ့ပေ။ မြို့တော်ကိုစောင့်ရှောက် ကုန်ကြသောပန်းစားနတ်ဘီလူးမိသားစုတို့၏ တန်ခိုးအာနုဘော်တို့ကြောင့်ကောင်းကင်သို့ပျံတက်၍  သမုဒ္ဒရာကျွန်း၀ယ်တည်လေသည်။  မယ်တော်ကြီးနှင့် ညီတော်(၂)ပါးတို့မှာ  မြို့တော်၏တစ်ဘက်ကမ်းဝါသုရတောင်ကြော(အံတော်တောင်ကြော)တွင်နေ၍ညီမဖြစ်သူပန်းစားဘီလူးမမှာ ဒွါရာ၀တီမြို့တော်တွင်နေထိုင်သည်။  ရန်သူများတိုက်ခိုက်ရန်လာသည်ရှိသော်  မြို့စောင့်နတ်ဘီလူးမမှာတစ်ဘက်ကမ်းမှ  မယ်တော်တို့သိရှိအောင်  အချက်ပေးလေသည်။  

အချက်ပေးပုံမှာ  မြို့တော်အလယ်ရှိရေကန်သာတွင် ကျောက်မြည်းရုပ်ရှိသည်။  ရန်သူလာသော်  မြို့စောင့်ဘီလူးမမှာယင်းကျောက်မြည်းရုပ်၏  ကျောပြင်အားပွတ်သတ်ပေး၏  ထိုအခါ  ကျောက်မြည်းရုပ်သည် ကျယ်လောင်စွာ မြည်ဟီးလေသည်။  ထိုအခါ တစ်ဘက်ကမ်းမှ ပန်းစားဘီလူးတို့သိရှိပြီး  မြို့စောင့်နတ်ဘီလူးနှင့် တစ်ဘက်ကမ်းမှ နတ်ဘီလူးမိသားစုတို့၏ တန်ခိုးကြောင့်  မြို့အလုံးမှာကောင်းကင်သို့ ပျံတက်သွားလေတော့သည်။  

 ဝါသုဒေ၀ ညီနောင်တစ်ကျိတ်တို့သည်  အကြိမ်ကြမ်ချီတက်တိုက်ခိုက်သော်လည်းအောင်မြင်မှုမရရှိသဖြင့်  ကုန်သည်ယောင်ဆောင်လျက် မြို့တော်တွင်းသို့  ၀င်ရောက်ကြလေသည်။  


ဒွါရာ၀တီမြို့တော်တွင်းဒိဗ္ဗစက္ခုအဘိစျာန်ရရှိသောကဏှာဒီပါယနရသေ့ကြီး၏ ထံပါးသို့ ဆည်းကပ်ကြလေသည်။ 

မင်းညီနောင်တစ်ကျိပ်တို့သည်  ရသေ့ကြီးထံမအကြံဥာဏ်များရယူလျက်  မြို့မျက်နှာ အစွတ်တို့တွင်  သံတံတင်းမြေတွင်  စိုက်တည်ကြကုန်လေသည်။  ထိုအခါ မြည်းရုပ်မှာကျယ်လောင်စွာ မြည်ဟီးသော်လည်း  မြို့တော်မှပျံတက်ခြင်းငှာအားထုတ်သော်လည်းတံခါးလေးဘက်မြို့မျက်နှာ အစွန်တို့တွင်တည်ရှိကြကုန်သောမင်းညီနောင်တစ်ကျိပ်တို့သည်  လေးခုသောသံချောင်းတို့ဖြင့်  ကိုင်ကုန်လျက်  သံချောင်းတို့ဠ် ဖွဲ့အပ်သောသံကွင်းများကိုသံတံတင်းတို့ဠ်  ချိတ်ဆွဲကြရာ မြို့တော်  ကောင်းကင်သို့ ပျံတက်ခြင်းငှမစွမ်းဆောင်နိုင်တော့ချေ.။  


ထိုကဲ့သို့ တိုက်ခိုက်သိမ်းယူလျက်  ဒွါရာ၀တီပြည်တွင်  မင်းညီနောက်တစ်ကျိပ်တို့  စိုးစံအုပ်ချုပ်ကြလေသည်။  သံချောင်းများဖြသ့်  ချိတ်တွဲ၍  တိုက်ခိုက် သ်ိမ်းယူရသောကြောင့်  ဒွါရာ၀တီမြို့သည်  ‘သံတွဲ’  ဟူ ၍ အမည်နာမထိုးလျက် ဒွါရာ၀တီ သံတွဲမြို့  ဖြစ်လာခဲ့ရပေသည် ။ 


 ညီနောင်တစ်ကျိပ်တို့ သည်  အမကြီး အဉ္စနာဒေဝီအား 

 ဒွါရာ၀တီ သံတွဲမြို့ကိုအပိုင်စားစေသည်။  မကြာမီ

ညီနောင်တစ်ကျိတ်တို့သည်  သူတော်စင်ရဟန်းတစ်ပါးကို ပြစ်မှားမိ၍ ပျက်စီးခြင်းသို့ ရောက်ကြလေရာ ဒွါရာ၀တီ သံတွဲမြို့လည်းဆိပ်သုံဉ်းသွားခဲ့ရလေသည်။  


 မြတ်စွာဘုရားရှင်သည်  ဘီစီ(၆)ရာစု ဓညဝတီခေတ် စန္ဒာသူရိယမင်းလက်ထက်တွင် ရက္ခပူရ ရခိုင်ပြည်သို့ ကြွချီကာ မဟာမုနိကိုယ်ပွားတော်သွန်းလုပ်ပြီးစီးသောအခါ ဒွါရာဝတီသို့ ကြွချီခဲ့ပါသည်။

 သံတွဲမြစ်အတိုင်းလျောက်၀င်လေလျှင်မြို့တော်၏  

အရှေ့ဘက် နှစ်ဂါတ်ခန့် အကွာကုန်းမြင့်တစ်ခုဖြစ်သောဗာသုတတောင်တော်ဠ် ရပ်တော်မူရာယင်းတော်တော်ကိုတန့်တော်မူတောင်ဟုခေါ်ဆိုကြသည်။ယခုအခါဒန့်ဒေးတောင်

 (တန့်တေးတောင်) ဟုတ်ခေါ်ကြသည်။မြတ်စွာဘုရားရှင်သည်  ထိုဗာသုတတောင်(ခေါ်) တန်းတော်မူတောင်ထိပ်မှ အနောက်အရပ်သို့ ပြုံးတော်မူပြီးနောက် ဘုရားမဖြစ်မီ ပါရမီဖြည့်ကျင့်သော ဘဝများတွင် နေထိုင်ခဲ့သောနေရာတို့၌ စေတီတည်ရန်  ဗျာဒိတ်စကားမိန်းကြားတော်မူခဲ့လေသည်.။ 


မြတ်စွာဘုရားရှင်ဗျာဒိတ်ပေးတော်မူခဲ့သောစေတီ

တော်မှာ အံတော်စေတီ၊ နံတော်စေတီ၊ ဆံတောင်စေတီတို့ဖြစ်ကြပါသည်။  ရခိုင်ဘုရင် အဆက်ဆက်၎င်းစေတီတော်များကိုခေတ်အဆက်ပြုပြင်ထိန်းလာခဲ့ကြသည်မှာယနေ့တိုင်တည်ရှိဆဲဖြစ်ပါသည်။  


ထို့နောက် ဒွါရာ၀တီသံတွဲမြို့သည်  ရခိုင်သမိုင်းတွင် လွန်စွာအရေးကြီးသောနယ်ပယ်တစ်ခူဖြစ်လာတော့သည်။ သို့ဖြစ်၍ မင်းဆွေမင်းမျိုး၊ ယုံကြည်ရသောအမတ်တို့သာခန့်အပ်ထားသည်။ထို့အပြင်  မြောက်ဦး (၁၄၃၁-၁၇၈၄ )ရခိုင် ဧကရာဇ်နိုင်ငံတွင်  သံတွဲသည် အရှေ့ဘုရင်ခံ၏ ထီးနန်းစိုက်ရာမြို့ဖြစ်ခဲ့သည်။  ထို့အပြင် သံတွဲ၏ ရေတပ်အင်အားသည် ရခိုင်ပြည်တွင် ဒုတိယအင်အားအကောင်းဆုံးဖြစ်ခဲ့သည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရက သံတွဲမြို့ကို  Sandoway ဟုလည်းခေါ်တွင်ခဲ့သည်။

 ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

     ရခိုင်သမိုင်းကို 'အာကာပျံဝဲ မြို့သံတွဲက'

      ကောဏ္ဍုံကရိတ်တိုင်းက စခဲ့ပါသည်။ သို့သော် ကောဏ္ဍုံကရိတ်ရာဇဝင်မှာ အလွန် ရှေးကျသောကြောင့် ဒဏ္ဍာရီပုံပြင် အဆင့်ကတောင်မှ လျောကျသွားခဲ့ပါပြီ။ သမိုင်းရုပ်ကြွင်းအားဖြင့် သက်သေ ပြစရာဆိုလို့ အင်းပေါက်ဝ တခုသာ ရှိပါတော့သည်။  အာကာပျံဝဲမြို့သံတွဲအကြောင်းကတော့ ဘုရားဟော ၅၅၀နိပါတ်၊ ဝိမာနဝတ္ထုများမှာ ပါဝင်နေလို့ နည်းနည်း ကျန်နေသေး၏။

       လေလာချင်သူများ ရှိရင် ဆားမြည်းနိုင်အောင် ဦးလှခင်ရဲ့ ၅၅၀ကောက်နှုတ်ချက် pdfမှ ssရိုက်လို့ ဖေါ်ပြလိုက်၏။ စာမျက်နှာ အပြည့်အစုံ မပါတာကိုတော့ ခွင့်လွှတ်ပေးစေချင်ပါသည်။

အကျယ်လေ့လာလိုသူများ...

၁။ ၅၅၀နိပါတ်၊ ဇာ၊ ဌ၊၇

၂။ ဝိမာနဝတ်ထု၊ဌ၊ 

၃။ စွယ်စုံကျော်ထင်၊ သမန္တစက္ခု၊

၄။ တည်တောဆရာတော်ကြီး၏ အမေးအဖြေနှင့် 

၅။ အာရပ်ပုံပြင်များ 

၇။ ရခိုင့်သမိုင်း၊

၈။ သံတွဲ သမိုင်း များမှာ ဖတ်ရှုနိုင်ပါသည်။

 












Comments