လေးစားစံပြုထိုက်ရေ ရခိုင်မိဖုရားမြသန္တာ၏စိတ်ဓာတ်




 

မျိုးခြားမယူ ရခိုင်သူ

~~~~~~~~~~~~~~~~~~~


လေးစားစံပြုထိုက်ရေ

ရခိုင်မိဖုရားမြသန္တာ၏စိတ်ဓာတ်



 သက္ကရာဇ်(၁၁၄၆) ခုနှစ်မှာ 

ဗမာမင်း မှော်ဆရာဗဒုံမင်း မောင်ဝိုင်း (ငဝိုင်း)

ရခိုင်နိုင်ငံကို မတရားကျူးကျော်ပြီးသောအခါရခိုင်ဘုရင် မဟာသမ္မတရာဇမင်းကို ဖမ်းပြီး

မိဖုရားမြသန္တာကိုလည်း ဖမ်းယူ အကျဉ်းချတယ်....

ပြီးတော့ ဗဒုံမင်း မောင်ဝိုင်းက

ရခိုင်မိဖုရားမြသန္တာကို

ဒီမှာ မိဖုရားမြသန္တာ 

သင့်ကို ငါမိဖုရားမြှောက်မယ် ဆိုရင်

သင်အသက်ဘေးမှလွတ်မည် 

သင်လက်ခံမည်လားဟု မေးသောအခါ ........

ဒီနေရာမှာ သာမန် စိတ်ဓာတ်နဲ့

မိဖုရားတစ်ပါးဆိုရင် လက်ခံလိမ့်မယ့်

အသက်ဘေးကလည်းလွှတ်မယ်ပြောတယ်ရှင့်....ဘုရင်ရဲ့ မိဖုရားလည်းဖြစ်အုန်းမယ်ဆိုတော့

လက်ခံစရာပေါ့......

သို့သော်  ရခိုင်မိဖုရားမြသန္တာ ပြောလိုက်တဲ့စကားက

စံပြုထိုက်တယ်......

ဟေး....မိစ္ဆာမျိုးခြား ပျူအောက်သား 

ငါရေ ရခိုင်ပြည်ကြီးရဲ့ မိခင်ဖြစ်ရေ.....

ငါရို့ ဘိုး ဘေး ဘီ ဘင် လက်ထက်ကဘင် ရခိုင်ရေ ရခိုင်ကိုရာ ယူပြီးကေ အိမ်ထောင်ပြုရေ

လူမျိူးခြားကိုမယူဖူး

ငါရာ သင့်ကိုယူလိုက်ကေ ငါ့၏နောင်လာ နောင်သားသမီး၊ ရခိုင်ပြည်သူများလည်း လူမျိုးခြားကိုယူကတ်ဖို့ယာ ယကေ

ကမ္ဘာမြေမှာ ရခိုင်လူမျိုးတိပျောက်ကွယ်လားလီဖို့ ".....

အဲအတွက်နဲ့ ငါသည်

အသက်ကိုသာ အသေခံမည်

သင့်ကို ငါမယူ ဟု 

ရခိုင့်အာဇာနည် စိတ်ဓာတ်နဲ့ 

ကိုယ့်အိမ်ထောင်ရေးမှာ သစ္စာရှိရှိ 

ရခိုင်ဘုရင်မ မိဖုရားမြသန္တာ 

ရဲရဲတောက်တောက် ပြောလိုက်ပါသည်


မိဖုရားမြသန္တာ (၇) ရက် တိတိ

အစာငတ်ခံပြီး နောက်ဆုံး နတ်ရွာစံခဲ့ရှာတယ်

🙏🙏🙏


(မိဖုရား မြသန္တာ လိုမျိုး စိတ်ထား

ရခိုင်သူ/သားရို့ နှလုံးသားမှာ သံမှုတ်စိုက်ရေပိုင်

ထိုးသွင်းရဖို့ အချိန်ဂျဲယာပါ။

လေးစားစံပြုထိုက်ရေ

ရခိုင်မိဖုရား မြသန္တာ စိတ်ကို

လေးစားစံပြုလို့ ရေးတင်လိုက်ပါရေ။


#ရက္ခိတမဟာနွယ်)


 

. . . . . . .  .. . . . . . . 


ရခိုင်ရို့ဧ့ နောက်ဆုံးဘရင် မဟာသမ္မတရာဇာ ( ခေါ် ) အဂ္ဂေါပုညောဇောရာဇာဧ့ မိဖရား မြသန္တာ ( ခေါ် ) စောမယ်ပုံ မျိုးခြားကို မထင်မကြီး ရခိုင်မျိုးရိုးကို အသက်နန့်လှယ်ပနာ စောင့်ထိမ်းလားခရေ စိတ်ထားကို ရခိုင်သူ ရခိုင်သားတိုင်း သိဖို့လိုအပ်တေ။


    နှစ်ထောင် ( ငါးထောင်ကျော် ) ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ပိုင်အချုပ်

အခြာအာဏာနန့် ရပ်တည်ပါလတ်သော ရခိုင်လူမျိုးရေ  မဟာသမ္မတရာဇာနန့် မိဖရားမြသန္တာရို့ လက်ထက်အခါနှိုက်  အမရပူရမင်း မောင်ဝိုင်း လက်အောက်သို့ ၁၁၄၆-ခုနှစ်မာ ရောက်ဟိလားခပါရေ။


   ၁၁၄၆-ခုနှစ် ပြာသိုလ်လပြည့်ကျော် (၇)ရက် စနီနိ / အေဒီ ၁၇၈၄-ခု

ဒီဇင်ဘာ(၃၁)ရက်နိမာ မြောက်ဦးရွှီနန်း မီးတိုက်ခံရပါရေ။

၁၁၄၆-ခုနှစ် ပြာသိုလ်လကွယ် (၁၅)ရက် တနင်္ဂနွီနိ / အေဒီ ၁၇၈၅-ခု

ဇန္နဝါရီ(၈)ရက်  မြေပုံမြို့နယ် ကျွန်းသာယာ ပြင်ချောင်းရွာနှိုက် အာဏာ

မက်တေ အတွင်းလူတိ သစ္စာဖောက်မှုကြောင်း ဗမာဘရင်လက်အောက်မှာ အဖမ်းအဆီးကို ခံလိုက်ရပါရေ။


      အမရပူရမာ ရခိုင်ဘရင်နန့် မိဖရား သားသမီးရို့ရေ  လှောင်အိမ်ထဲမာထည့်ပနာ လှောင်ထားရေခါ  သားသမီးသုံးယောက်အမိဖြစ်သော ရခိုင်ဘရင်မ မြသန္တာဧ့ အလှပမှုကို ရာဂမက်ရူးသော ဗမာဘရင်မောင်ဝိုင်းရေ  ရခိုင်ဘရင်မအား  သိမ်းပိုက်ရန် စကားလှာပြောရေအခါမာ ရခိုင်သမပီသသော မိဖရားမြသန္တာရေ ရခိုင်မျိုးကို ဥပေက္ခာမပြု - ချစ်မြတ်နိုးရေ အတွက် ကိုယ့်အသက်ကို မနှမျှောဘဲ ကိုယ့်အမျိုးကို စောင့်ထိမ်းကာ လူမျိုးခြားဗမာဘရင်ကို မယူဘဲ အသက်ကိုရာ အသီခံလားခပါရေ။


Crd: ရမ္မာဝတီရဲ့ သဘာဝ အလှများ

Photo : Crd


Comments