ရခိုင်ရာဇဝင်ထဲကအမျိုးသမီးသူရဲကောင် ငွေနုဖြူ (ခေါ်) စောသန္တာ
ရခိုင်ရာဇဝင်ထဲကအမျိုးသမီးသူရဲကောင်း
ငွေနုဖြူ(ခေါ် ) စောသန္တာ
♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ငွေနုဖြူရေ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဘာကြီး နဲ့ မိဖုရား စောသန္ဒီ ရို့၏ သမီးတော် တစ်ပါးဖြစ်ပါရေ။အကိုတော် မင်းတိက္ခာနဲ့ မင်းဖ လောင်း ရို့၏ အချစ်ဆုံးနှမတော်လည်း ဖြစ်ပါရေ။
အမျိုးဘာသာ သာသနာကို လေးစားတန်ဖိုးထားရေ အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပါရေ။
တစ်ရက်မှာ ဗမာ ဘုရင် တပင်ရွှေထီးတပ်က စစ်သူကြီး စောစစ်မောင် ဦးဆောင်ရေ ရန်သူစစ်ကြောင်းရေ မြောက်ဦးထီးနန်းကို စစ်တိုက်ဖို့ စစ်သည်ပေါင်း မြောက်များစွာနဲ့ ချီတက်လာပါရေ။
ယင်းချိန် ရခိုင်နန်းတွင်းမှာ ရန်သူကို ခုခံတွန်းလှန်ဖို့အတွက် ဘုရင် မင်းညီမင်းသား မူးမတ် စစ်သည် ရို့ရေရန်သူကို ခုခံတွန်းလှန်ဖို့ တာဝန်အသီးသီး ခွဲယူယင်း အလုပ်တိများနီကတ်ပါရေ။
ယင်းပိုင် အလုပ်များနီကတ်စာကို ကြည့်ပြီးကေ ငွေနုဖြူက ခမည်းတော်ရို့ အစ်ကိုတော်ရို့ စစ်သူကြီးရို့ က တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ တိုက်ပွဲဝင်ဖို့ တာဝန်အသီးသီးယူနီကတ်စွာကို ကြည့်ပြီးကေ ငွေနုဖြူလည်း ဖခမည်းတော်ရို့နဲ့အတူ တိုင်းပြည်နဲ့ လူမျိုး ရန်သူ့လက်အောက်ကို မကျရောက်ဖို့ ရန်သူတိဘားမှာ မကျရှုံးဖို့ တိုက်ပွဲဝင်ချင်ရေစိတ်ပြင်းပြနီပါရေလတ်။
တိုင်းပြည်နဲ့ လူမျိုး အတွက် ဖခမည်းတော်ရို့နဲ့အတူ တိုက်ပွဲဝင်ဖို့ ခွင့်တောင်းပါရေလတ်။ငွေနုဖြူက မင်းသမီးလည်းဖြစ်တေ အမျိုးသမီးဖြစ်တေအတွက် စစ်တိုက်ဖို့ခွင့်မပြုချင်ပါလတ်
သမီးတော်ရို့ပါဝင်ခွင့်မရဘဲ ဖခမည်းတော်ရို့ရာ တိုက်ပွဲဝင်လို့ မအောင်မြင်ခဆိုကေ တိုင်းပြည်နဲ့ လူမျိုး သူ့ကျွန်ဘဝကို ကျရောက်ကေ အယင်ဆုံးဒုက္ခ ရောက်ဖို့စွာက အချေနဲ့ အမျိုးသမီးတိရာဖြစ်ဖို့။ယင်းနဲ့ ယင်းပိုင်အခြေအနေဆိုးနဲ့ မကြုံခင်ကပင် ကြိုတင်ပါဝင် တိုက်ခိုက်ခွင့်ပီးပါလို့ သုံးကြိမ် သုံးခါ ခွင့်တောင်းမှ ခမည်းတော်က ခွင့်ပြုပါရေလတ်။
ခမည်းတော်ခွင့်ပြုစွာနဲ့
အချက်သုံးချက်ကို ခွင့်ပြုပီးဖို့ ခွင့်တောင်းပါရေလတ်
၁။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကျွန် ဘဝကို မကျရောက်ဖို့ ဆိုကေ မိဘကိုပင် ဖြစ်ဖြစ် တိုင်းပြည်ကိုပင်ဖြစ်ဖြစ် အမျိုးကိုပင် ဖြစ်ဖြစ် မကောင်းပြောဖို့ကျကေ ပြောဖို့
၂။ မမရို့အိန္ဒြေ ရွှေပီးလို့မရ ၊ ဇာလောက်ပင်အသက်ထက် အရှက် ကို တန်ဖိုးထားရေပြောပြော ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကျွန်ဘဝကိုမကျရောက်ဖို့ဆိုကေ အရှက်ပင်ဖြစ်ခန္ဓာကိုယ်ကိုပင်ဖြစ် စွန့်လွတ်ဖို့ ဝန်မလီး
၃။ ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုး အတွက် နုတ်နဲ့စောင့်စည်းရဖို့ အရာ ကိုယ်နဲ့ စောင့်စည်းရဖို့ အရာတိကိုလည်း စွန့်လွတ်ဖို့ ကျကေ စွန့်လွတ်ဖို့ ဆိုပြီးကေ ခွင့်တောင်းခပါရေ။
ယင်းအချက် သုံးချက်ကို တောင်းဆိုပြီးကေ ရန်သူကို တိုက်ခိုက်ဖို့ အမျိုးသမီး ကိုယ်ရံတော်တိနဲ့ စစ်ရေးလေ့ကျင့်ပါရေလတ်။
ယင်းက လေ့ကျင့်လို့ရလာရေ ဒဏ်ရာ ဒဏ်ချက်တိနဲ့ မင်းသမီးငွေနုဖြူ အပါအဝင် အမျိုးသမီးတစ်စုရေ ရန်သူတိ တပ်စွဲထားရေ နေရာကို လာလတ်ကတ်ပါရေလတ်
ဖြူစင်လှပပြီး ဒဏ်ရာတိရနီရေ အမျိုးသမီး တစ်စုကို ဗမာဘုရင်တပင်ရွှေထီးတပ်က စစ်သူကြီးစောစစ်မောင် နဲ့ စစ်သည်ရို့မြင်ရေခါ ဇာဖြစ်လို့လာလေ အကျိုးအကြောင်း ကို မေးမြန်း ကတ်ပါရေလတ်
ငွေနုဖြူက အေရခိုင်ရှင်ဘုရင်ရေ မကောင်း ငါရို့ အမျိုးသမီးတိကို နိုက်စက်နီစွာ ကြာဗျာလ် အဂု ခိုးထွက်ပြီးကေ လာလတ်စွာလို့ ပြောပြီး ရန်သူ့ဘက်ထဲကို ဝင်ရောက်လာပါရေ။
ငွေနုဖြူရေ ရန်သူ့လက်တွင်းထဲ ဝင်ဖို့လာခါကနီ သူ့အသက်က အာမခံချက်မဟိ၊ စစ်သည် စစ်သားတိကြားမှာ မမချေတစ်ယောက်၏ လုံခြုံမှုတိ အစိုးမရဗျာလ် ကိုယ်နဲ့စောင့်ထိန်းရဖို့ နုတ်နဲ့စောင့်ထိန်းရဖို့ အရာတိလည်း ချိုးဖော်မိဖို့ဗျာလ် ဆိုစွာကို သိကေလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်
သူ့အသက် သူ့ဘဝကို စတေးဖို့ အသင့်ဟိနီခပါရေ
အကျိုးအကြောင်းတိကို ဆွေးနွေး ပြောဆိုပြီးခါ ငွေနုဖြူက အေတိုင်းပြည်မှာ နီလာစွာ နှစ်ပေါင်း တစ်ဆယ်ကျော် ကြာဗျာလ်။ လမ်းကြောင်း တိကို ကျွမ်းကျင်ရေ လုံခြုံရေး အင်အားနည်းရေ လျို့ဝှက် လမ်းကြောင်းတိ ကို သိရေ ဆိုပြီးကေ ကိုယ့်တိုင်းပြည်ကို ပြန်တိုက်ဖို့ ရန်သူတိကို အနောက်ဘက် လမ်းကြောင်း အတိုင်း ခေါ်ဆောင်လာပါရေလတ်
(မြောက်ဦးဘုရင် မင်းဘာကြီးက အမြော်အမြင် ကြီးရေ မင်းတစ်ပါး ဖြစ်တေ အတွက် ရန်သူတိ ကျူးကျော် လာနိုင်ကြောင်းကို ကြိုတင်ခန့်မှန်းပြီးကေ မြောက်ဦးနန်းမြို့တော်ကို ကျုံး အထပ်ထပ် အကာအရံ အထပ်ထပ် ကာရံပြီးကေ ကြီးမားရေ ရီကာတာတိ တည်ဆောက်ထားပါရေလတ်။)
ငွေနုဖြူစကားကို ယုံကြည်ပြီးကေ အနိုင်တိုက် သိမ်းပိုက်ဖို့စိတ်နဲ့ ချီတက်လာရေ ဗမာစစ်ကြောင်းကို မြောက်ဦးဘုရင် မင်းဘာကြီးရို့တပ်က ခုခံတိုက်ခိုက်ဖို့မလိုဘဲ ကြီးမားရေ ရေကာတာကို ဖွင့်ချလိုက်စွာနဲ့ ။ အရှိန်ပြင်းရေ ရေစီးကြောင်းတိကြားမှာ ရန်သူစစ်ကြောင်းရေ မရှု မလှ ဒရောသောပါးစီးမျှော ပြီးကေ ပါလားခကတ်ပါရေလတ်
ယင်းချိန်မှာ အနိုင်ရရေ ရခိုင်ပြည်သူ ပြည်သားတိရေ တဝတဝ ကြိုးပြီးကေ ပျော်ကတ်ပါရေလတ်။ပါးစပ်ကလည်း မင်းသမီး မင်းသမီး မင်းသမီး လို့အော်ပြီးကေ အောင်ပွဲအတွက် ပျော်ရွှင်နီကတ်ပါရေလတ်
ယင်းပိုင် အောင်ပွဲအတွက် ပျော်နီရေ အော်နီရေ လူတိကြားမှာ မင်းသမီးငွေနုဖြူရေ စီးမျှော နီရေ ရေစီးကြောင်းကြားမှာ အသူ့ကို ရှာလို့ ရှာမှန်း မသိ တစ်ယောက်ယောက်ကို ရှာဖွေနီမိပါရေလတ်။သူ့နောက်က အမျိုးသမီးကိုယ်ရံတော်တိလည်း မင်းသမီးအတွက် ဇာလုပ်လို့ လုပ်ပီးရဖို့မသိဖြစ်နီကတ်ပါရေလတ်။
အနိုင်ရလို့ ပြည်သူပြည်သားတိ ပျော်နီရေ အချိန် မင်းသမီးငွေနုဖြူ မျက်နှာမှာ ဝမ်းနည်းစိတ် ယူကျူးမရရေစိတ် နောင်တရရေစိတ် အားမလိုအားမရဖြစ်မိရေစိတ် ရင်ကွဲမတတ်ခံစားရရေစိတ်
တိနဲ့ မျက်လုံးနှစ်ဖက်စွာ ဝမ်နည်းကြွီကွဲပြီးကေ မျက်ရည်တိ ဝဲနီပါရေလတ်။
နောက်ဆုံးမှာ မလှုပ်နိုင် မရှားနှိုင် အသက်ကိုအနိုင်နိုင်ရှူပြီး မျောနီရေ တစ်စုံတစ်ယောက်ကိုမြင်မိစွာနဲ့ သူ့ရင်ဘတ်ထက်မှာ မျက်နှာ အပ်ပြီးကေ ငိုပါရေလတ် (ငွေနုဖြူက ငယ်ရွယ်ပြီးလှပရေ ဗမာဘုရင်တပင်ရွှေထီးတပ်က စစ်သူကြီး စောစစ်မောင်ကလည်း ငယ်ရွယ်ပြီးကေ ခန့်ညားရေ သူရို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောဖို့မလိုဘဲ ချစ်မိနီကတ်ပါရေလတ်)
ယေဒါလည်း ငွေနုဖြူရေ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုး ကျွန်ဘဝကို မကျရောက်ဖို့ အတွက် သူ့ဘဝပါ နှလုံးသားတစ်ခုလုံးကိုပါ ပီးဆပ်ခပါရေ
အချစ်နဲ့စစ်မှာ မတရားရေ တရားရေ ဆိုစွာ မဟိ ဆိုပိုင်
မင်းသမီးငွေနုဖြူရေ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုး အတွက် အခြားလူတစ်ယောက်၏ ယုံကြည်မှု နဲ့ အချစ်ကို အသုံးချခပြီးကေ သူ့နှလုံးသားကိုပါ စတေးခံခရေ အမျိုးသမီး သူရဲကောင်းတစ်ယောက်ဖြစ်ပါရေ
မင်းသမီးရေ သူ့ယုံကြည်ချက်အတိုင်း ဇာအရာ ဇာအတားအဆီးပင်ဟိဟိ မယိမ်းယိုင်ဘဲ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို အမျိုးသမီးပင် ဖြစ်ကေလည်း ကာကွယ်စောင့်ရှောက်ပီးခပါရေ။အချစ်ရေးနဲ့စစ်ရေးမှာ စစ်ရေးကို ပိုလို့ဦးစားပီးခပါရေ။
စစ်သူကြီးကလည်း အမြင်ကျယ်ရေ လူတစ်ယောက်ဖြစ်တေအတွက် အမျိုးသမီးပင်ဖြစ်ကေလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ပီးဆပ်အနစ်နာခံရေ ငွေနုဖြူကို လေးစားဂုဏ်ယူမဆုံး ဖြစ်မိပြီးကေ ကံကြမ္မာက ဆုံခွင့်မပီးခစွာကိုရင်ပွင့်မတတ်ခံစားပြီး တဝငိုမိပါရေလတ်။
နောင်ဘဝ ဆက်တိုင်းအေပိုင် အဖြစ်ဆိုးကို ငါရို့နှစ်ယောက်လုံး မခံစားရပါစီကေ့ မတွိကြုံရပါစီကေ့လို့ ဆုတောင်း တိုင်တည်ယင်း .......
❤️ငွေနုဖြူမျိုးဆက်မှ လူဖြစ်လာသော ရခိုင်သမချေ❤️
ငွေနုဖြူ အကြောင်းကို မကြာခင် ထွက်လာဖို့ စိုင်းတင်ရင်ခွင် အမှတ် (၁) မဂ္ဂဇင်း မှာ စစိစစုံ ဖတ်ရဖို့ဖြစ်ပါရေ။
Zawgyi
#ငွေနုဖြူ(ခေါ် ) စောသန္ဒာ